ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)တွင် (၂၃-၅-၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် တက္ကသိုလ်အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ “ကေသရီ”ဆောင် ဖွင့်ပွဲအခမ်းအနားသို့
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်တကွ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမ (၃၃)ဦး၊ စီမံခန့်ခွဲရေးဝန်ထမ်း (၅၉)ဦး၊ ကျောင်းသား (၁၀)ဦး၊ ကျောင်းသူ (၃၀)ဦး စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။။