University of Computer Studies, Pathein

University of Computer Studies, Pathein

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ၏ ကြေညာချက်

ကြေညာချက်

၁။ တက္ကသိုလ်၏ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အများပြည်သူ(ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၊ ကျောင်းသား ကျောင်းသူများ၏ မိဘများနှင့် အစိုးရ၊ ပုဂ္ဂလိကဌာနများ)ထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၊ ကျောင်းသား ကျောင်းသူများ၏ မိဘများနှင့် အစိုးရ၊ ပုဂ္ဂလိကဌာန တို့သည် မိုဘိုင်းဖုန်းများတွင် တက္ကသိုလ်၏ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ “1111” နံပါတ်ဖြင့် SMS short message ပေးပို့မေးမြန်းချက်အပေါ် ပြန်လည်၍ Feedback Message ပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန် အသိပေးအပ်ပါသည်။

၃။ တက္ကသိုလ်၏ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အများပြည်သူ(ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ၊ ကျောင်းသား ကျောင်းသူများ၏ မိဘများနှင့် အစိုးရ၊ ပုဂ္ဂလိကဌာနများ) မှ ဝန်ဆောင်မှု ရယူရာတွင် ကြုံတွေ့ရသောအခက်အခဲများနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားစာ ၊ အကြံပြုစာများအား ပေးပို့လိုပါက E-mail: adminoffice@ucspathein.edu.mm သို့ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့

ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)